Views: 166



ရခိုင်ပြည်နယ်ထဲက တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် သက်မွေးပညာကာလတိုသင်တန်းတွေကို စစ်တွေမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှာ အခမဲ့သင်ကြားပေးနေပါတယ်။ ဒေသခံပြည်သူတွေကို သက်မွေးပညာတတ်မြောက်စေချင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီသင်တန်းကိုရည်ရွယ်ဖွင့်လှစ်တာလို့ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောင်းအုပ်ကြီး) ဦးသိန်းနိုင်က ပြောပါတယ်။ ကာလတိုအခြေခံကွန်ပျူတာသင်တန်း၊ ကာလတိုအခြေခံအပ်ချုပ်သင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်ကွန်ပျူတာသင်တန်း၊ အဆင့်မြင့်အပ်ချုပ်သင်တန်းအပတ်စဉ် (၂) သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁) ရက်ကကျင်းပခဲ့ပါတယ်။


